သထုံ နိုဝင်ဘာ ၁၀
မွန်ပြည်နယ် သထုံမြို့နယ်တွင် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အမှတ်(၈) စက်မှုသင်တန်းကျောင်း(သထုံ)မှ စီစဉ်ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကား ပြောကြားသည်။ အဆိုပါသင်တန်းကို ကြာပန်းကျေးရွာရှိ အမှတ်(၈) စက်မှုသင်တန်းကျောင်း(သထုံ)၌ နိုဝင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၁ ဦး တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


