ကျောက်မဲ နိုဝင်ဘာ ၁၀
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ကျေးရွာများတွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် စခန်းသာကျေးရွာအုပ်စု ခမ်းဆာကျေးရွာ၌ အယ်လ်နီညိုရာသီဥတုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၈ ရက်က ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် ကျောက်မဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းဖြူဖြူအောင်က ကွင်းဆင်းကြီးကြပ်၍ ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့ရနိုင်သည့် ရေရှားပါးမှုအန္တရာယ်၊ သောက်သုံးရေသန့်ရှင်းရေးနှင့် စနစ်တကျ ချွေတာသုံးစွဲရေး နည်းလမ်းများကို ပြည်သူများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


