MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် SGF Youth အသင်း ဂိုးပြတ်နိုင်ပွဲဖြင့် ဆက်လက်ဦးဆောင်

ရန်ကုန် နိုဝင်ဘာ ၈

 

၂၀၂၆ MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၈) ကို နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ SGF Youth အသင်း ဂိုးပြတ်နိုင်ပွဲဖြင့် ဆက်လက်ဦးဆောင်နေသည်။

 

ပွဲစဉ် (၁၈) တွင် Victoria အသင်းက Avengers Junior အသင်းကို ၁၁ ဂိုး -  လေးဂိုး၊ Mahar Burma အသင်းက Jullniss အသင်းကို ခုနစ်ဂိုး - နှစ်ဂိုး၊ United City အသင်းက ဘူရှီဒိုအသင်းကို ငါးဂိုး-လေးဂိုး၊ SGF Youth အသင်းက မာရိန်းအသင်းကို လေးဂိုး-တစ်ဂိုး၊ Pacific Sun Far အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ငါးဂိုး-လေးဂိုး၊ FFU မင်းမဟော်အသင်းက TKA Star အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။

 

ပွဲစဉ် ၁၈ အပြီးတွင် SGF Youth အသင်းက ၄၇ မှတ်၊ Victoria အသင်းက ၄၄ မှတ်၊ FFU မင်းမဟော် အသင်းနှင့် Pacific Sun Far အသင်းက ၃၅ မှတ်စီ၊ Mahar Burma အသင်းက ၃၄ မှတ်၊ United City အသင်းက ၂၈ မှတ်၊ Avengers Junior အသင်းက ၂၇ မှတ်၊ Jullniss အသင်းက ၂၄ မှတ်၊ TKA Star အသင်းက ၁၉ မှတ်၊ ဘူရှီဒိုအသင်းက ၁၀ မှတ်၊  မာရိန်းအသင်းက ငါးမှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက လေးမှတ်ရရှိထားသည်။

 

သတင်း - ရှိုင်းထက်ဇော်၊

ဓာတ်ပုံ - MFF