ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲမျိုးစုံအစေ့ချစက်ဖြင့် ဆောင်းသီးနှံ ဆီထွက်ပဲပုပ်စိုက်ပျိုးနေမှုနှင့် မြေယာပြုပြင်နေမှုတို့ကို ကြည့်ရှုအားပေး

ပဲခူး နိုဝင်ဘာ ၄

 

ပဲခူးတိုင်းဒေသကြီး ပဲခူးစက်မှုနယ်မြေရှိ လုပ်ငန်းရှင် ဦးသူရကြိုင် ၏ FUDO မုန့်မျိုးစုံလုပ်ငန်းတွင် မုန့်မျိုးစုံ ထုတ်လုပ်နေမှုနှင့် ကုန်ကြမ်းရရှိမှု အခြေအနေကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထို့အတူ အင်းတကော်မြို့ တောင်သုံးလုံးကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်မြင့်၏ ကြက်မွေးမြူရေးခြံတွင် ဥစား ကြက်ကောင်ရေ ၄၀၀၀၀ မွေးမြူထားရှိမှု၊ ကျောက်တန်းကျေးရွာ အုပ်စု၌ လုပ်ငန်းရှင် ဦးမောင်သန်း ၏ “မြေသုခ” သဘာဝမြေဩဇာ ထုတ်လုပ်ရေး အလုပ်ရုံတွင် အသုံးပြုပြီးသော စွန့်ပစ်လက်ဖက်ခြောက်ကို အခြေခံ၍ သဘာဝ မြေဩဇာထုတ်လုပ်နေမှု၊ အိုးဘို ကျေးရွာတွင် တစ်ကွင်းတစ်ဆက်တည်း လယ်မြေဧက ၅၀ ၌ လက်ကိုင်းရှည်ဖြင့် တွဲဖက်အသုံး ပြုရသည့် ပဲမျိုးစုံအစေ့ချစက်ဖြင့် ဆောင်းသီးနှံ ဆီထွက်ပဲပုပ်စိုက်ပျိုးနေမှုနှင့် မြေယာပြုပြင်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကာ ဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့များ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)