သတ္တမအကြိမ်မြောက် မြန်မာ့ပရိဘောဂပြပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၄

 

မြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် (၇)ကြိမ်မြောက် Myanmar Furniture Exhibition 2026 ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့် WYNDHAM GRAND HOTEL ၌ ကျင်းပသည်။

 

ဦးစွာ မြန်မာ့ပရိဘောဂပြပွဲကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အကြံ​ပေး​ ဒေါက်တာ မျိုးသက်၊ မြန်မာ့သစ် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးထိန်လင်းအောင်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးသည်။

 

ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသည့် အရည်အသွေးမြင့် ပရိဘောဂနှင့် သစ်သားဆေး/ သစ်သားအလှဆင် နည်းပညာဆိုင်ရာ Sirca Wood Deiwi ၏ လက်ရာဆန်းများ၊ အိမ်ဂေဟာနှင့် ရုံးခန်းအတွင်း အလှဆင်မှုများအတွက် အရည်အသွေးမြင့် ပရိဘောဂများကို လှည့်လည်ကြည့်ရှု အား​ပေးခဲ့ကြသည်။

 

အဆိုပါပြပွဲကို ပြည်တွင်း လုပ်ငန်းရှင် ကိုးခုမှ ပြခန်း​ပေါင်း ၂၆ ခန်းတို့ဖြင့် နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ငါးရက်တိုင်တိုင် ခင်းကျင်းပြသသွားမည် ဖြစ်​ကြောင်း သိရသည်။

 

ကျော်ဆန်းမြင့် (ပြန်/ဆက်)