ရန်ကုန် နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အခွန်ဦးစီးမှူးရုံးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်တွင် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
ရှင်းလင်းဆွေးနွေး
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူးက ပြေစာအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)


