၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန်    နိုဝင်ဘာ    ၁

ဘိလိယက်နှင့် စနူကာအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ  ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍  အားကစားရေးရာဝန်ကြီးဌာနမှ  ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ “၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ”ကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)  သုဝဏ္ဏ၌  ဆက်လက်ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  အမျိုးသား အမျိုးသမီး စနူကာ 6-Red ၊ 9 Ball  Pool နှင့် ဘိလိယက်ပြိုင်ပွဲများကို  အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီးပြိုင်ပွဲ  ပွဲစဉ်များအဖြစ် စနူကာ 6-Red ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ မြသက်မှူးက ကချင်ပြည်နယ်အသင်းမှ နှင်းပြည့်ပြည့်ကို ရလဒ် ၃ ပွဲ - ၂ ပွဲဖြင့်လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စန်းစန်းမော်က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ သက်နှင်းဝေကို   ရလဒ်   ၃ ပွဲ - ၂ ပွဲဖြင့်လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အေမီအောင်က မန္တလေးတိုင်းဒေသကြီးအသင်းမှ မျိုးမြတ်သူကို  ရလဒ်  ၃ ပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊   မန္တလေးတိုင်းဒေသကြီးအသင်းမှ ဖြူစင်အောင်က မွန်ပြည်နယ်အသင်းမှ ဝေသဇင်လှိုင်ကို   ရလဒ်   ၃ ပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊   ရှမ်းပြည်နယ်အသင်းမှ  အေးအေးမြတ်က  မွန်ပြည်နယ်အသင်းမှ နှင်းအိအိရွှေ ကို ရလဒ်  ၃ ပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊   မကွေးတိုင်းဒေသကြီးအသင်းမှ ဆုပြည့်စုံက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ရွှေရည်ဦးကို ရလဒ် ၃ ပွဲ - ပွဲမရှိဖြင့်  ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ 

အလားတူ  အမျိုးသားပြိုင်ပွဲ ပွဲစဉ်အဖြစ်  9 Ball Pool ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းမှ  အောင်မြင့်က မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျော်ဇင်သန့်ကို  ရလဒ်  ၇ ပွဲ - ၄ ပွဲဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ လွင်မိုးဦးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ  ကောင်းပြည့်ကြွယ်ကို  ရလဒ်  ၇ ပွဲ - ၃ ပွဲ ဖြင့် လည်းကောင်း၊   မွန်ပြည်နယ်အသင်းမှ နေမင်းထွန်းက မကွေးတိုင်းဒေသကြီးအသင်းမှ ကျော်ဝေယံစိုးကို ရလဒ် ၇ ပွဲ - ၂ ပွဲဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ စိုင်းကွမ်းမိုင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မျိုးသူရအောင်ကို ရလဒ် ၇ ပွဲ - ၄ ပွဲဖြင့်လည်းကောင်း၊  ရှမ်း ပြည်နယ်အသင်းမှ စိုင်းစုံစိုင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရာဇာဟန်ကို ရလဒ် ၇ ပွဲ - ၁ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ဖြိုးက  မန္တလေးတိုင်းဒေသကြီးအသင်းမှ သက်ဦးကို   ရလဒ်   ၇ ပွဲ - ၅ပွဲဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ   ခန့်မင်းထွန်းက  ကရင်ပြည်နယ်အသင်းမှ  ခွန်ရဝေထွဋ်ကို  ရလဒ် ၇ ပွဲ - ၆ ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ သန်းထွန်းအောင်က ကချင် ပြည်နယ်အသင်းမှ မိုးဝင်းကို  ရလဒ်  ၇ ပွဲ - ၃ ပွဲဖြင့်လည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းမှ ဇော်လင်းနုက မကွေးတိုင်းဒေသကြီးအသင်းမှ လင်းအောင်ကို ရလဒ် ၃ ပွဲ - ၁ ပွဲ ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဇင်မင်းက  မန္တလေးတိုင်းဒေသကြီးအသင်းမှ အေးမင်းကို ရလဒ် ၃ ပွဲ - ပွဲမရှိဖြင့် လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တေဇာအောင်က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရဲထွဋ်ဦးကို ရလဒ် ၃ ပွဲ - ၂ ပွဲ ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ သီဟံစိုးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ကျော်ဝေထိုက်ကို ရလဒ် ၃ ပွဲ - ပွဲမရှိ ဖြင့်လည်းကောင်း၊  ချင်းပြည်နယ်အသင်းမှ ခင်မောင်တင့်က  ရှမ်းပြည်နယ်အသင်းမှ ရဲလင်းကို ရလဒ် ၃ ပွဲ - ၂ ပွဲ ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝင်းကိုကိုက မကွေးတိုင်းဒေသကြီးအသင်းမှ  ကျော်ဌေးကို ရလဒ် ၃ ပွဲ - ပွဲမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီမှ စတင်၍  “တိုင်းဒေသကြီးနှင့်  ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲ”  ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်