သာပေါင်း အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကွက်ပြင်ကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာနှင့် လှေကြီးတက်ကျေးရွာအုပ်စု နံနံပင်ကုန်းကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သာပေါင်းမြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် တွင်းနက်တူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေမှုကို စစ်ဆေးပြီး အယ်လ်နီညို ရာသီဥတုကြောင့် ရေရှားပါး ပြတ်လပ်နိုင်မှုနှင့် သောက်သုံးရေများ စနစ်တကျ သိုလှောင်သုံးစွဲမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၆၃ ဒသမ ၇၆ သန်းဖြင့် တွင်းနက်နှင့် ဆက်စပ်လုပ်ငန်း၊ အမြင့်တင်ရေစင် (၁၀ ပေ x ၁၀ ပေ x ၄ ပေ) တည်ဆောက် ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအရည်အသွေးပြည့်ဝစေရေး၊ လုပ်ငန်းရေရှည် လည်ပတ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။ ထို့ပြင် အယ်လ်နီညိုရာသီဥတုကြောင့် သောက်သုံးရေပြတ်လပ်မှု မရှိစေရေး ရေလှောင်ကန်များအတွင်း ရေစုဆောင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သာပေါင်း(ပြန်/ဆက်)


