မန္တလေး အောက်တိုဘာ ၂၉
(၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း Multipurpose Stadium ၌ ကျင်းပရာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။ ဝန်ကြီးရုံးအသင်းနှင့် ဌာနခွဲ (၃) အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ ဝန်ကြီးရုံးအသင်းက ဌာနခွဲ(၃)အသင်းကို အနိုင်ရဗိုလ်စွဲ ခဲ့သည်။
ထို့နောက် စတုတ္ထဆုရရှိသော ဌာနခွဲ (၁/၂)အသင်းနှင့် တတိယဆုရရှိသော ဌာနခွဲ(၄) အသင်းတို့အား မဟာအောင်မြေ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ ဒုတိယဆုရရှိသော ဌာနခွဲ(၃)အသင်းအား တိုင်းဒေသကြီးညွန်ကြားရေးမှူးကလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ပြိုင်ပွဲ ပထမဆုရရှိသော ဝန်ကြီးရုံးအသင်းကို တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေးကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲဝင် အားကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


