MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၅ ပြန်လည်ကျင်းပ

ရန်ကုန် အောက်တိုဘာ ၂၈

 

၂၀၂၆ MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၅ ကို အောက်တိုဘာ ၂၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ကျင်းပရာ Pacific Sun Far အသင်းနှင့် MIU အသင်း နိုင်ပွဲရယူပြီး ဇယားထိပ်ဆုံးတွင် အပြိုင်ဖြစ်နေသည်။

 

ပွဲစဉ် ၁၅ တွင် YRG အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ကိုးဂိုး-နှစ်ဂိုး၊ Gold Dream အသင်းက Royal Noka အသင်းကို ငါးဂိုး-တစ်ဂိုး၊ MIU အသင်းက Burmese Warriors အသင်းကို ၁၄ ဂိုး-တစ်ဂိုး၊ Pacific Sun Far အသင်းက United City အသင်းကို ၁၃ ဂိုး-လေးဂိုး၊ JV အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ YCDC Dream Team အသင်းက ULAD အသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိသည်။

 

ပွဲစဉ် ၁၅ အပြီးတွင် Pacific Sun Far အသင်းနှင့် MIU အသင်း တို့က ၄၀ မှတ်စီ၊ YRG အသင်းက ၃၇ မှတ်၊ YCDC Dream Team အသင်းက ၂၉ မှတ်၊ ULAD အသင်းနှင့် Gold Dream အသင်းက ၂၇ မှတ်စီ၊ JV အသင်းက ၂၀ မှတ်၊ United City အသင်းက ၁၈ မှတ်၊ Royal Noka အသင်းက ၁၅ မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက ရှစ်မှတ်၊ မင်္ဂလာဒုံစီးတီးအသင်းက သုံးမှတ်၊ Burmese Warriors အသင်းက တစ်မှတ်ရရှိထားသည်။

 

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MFF