ဖီဖာ ယူ-၁၅ ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော် Tier D အဆင့်လုပွဲတွင် မြန်မာအသင်း အိုမန်ကိုရှုံးနိမ့်

ရန်ကုန် အောက်တိုဘာ ၂၈

 

အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၆ ဖီဖာ ယူ-၁၅ ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော် Tier D အဆင့်လုပွဲကို အောက်တိုဘာ ၂၈ ရက်က ဆက်လက်ပြုလုပ်ရာ မြန်မာအသင်းသည် အိုမန်အသင်းကို သုံးဂိုးပြတ် အရေးနိမ့်ခဲ့သည်။

 

မြန်မာအသင်းသည် အိုမန်အသင်းကို အရေးနိမ့်ခဲ့သဖြင့် အဆင့် (၁၁၇) မှ (၁၂၈) အဆင့်လုပွဲ ထပ်မံကစားရမည်ဖြစ်ပြီး မောရစ်သျှအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မောရစ်သျှအသင်းသည် ကွန်ဂိုအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သဖြင့် မြန်မာအသင်းနှင့် ကစားရခြင်းဖြစ်သည်။

 

ပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၈၉ သင်းသည် အုပ်စုပွဲစဉ်များအပြီး ရပ်တည်မှုအပေါ် မူတည်၍ အဆင့်လုပွဲများ ထပ်မံကစားနေရခြင်းဖြစ်သည်။

 

သတင်း-ချစ်ကိုကို၊

ဓာတ်ပုံ-MFF