ကျောက်ဆည်မြို့နယ် ရဲဘော်ကြီးကျေးရွာတွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


ကျောက်ဆည် အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း-၁၁ ပဲတီစိမ်းမျိုးများ အဓိကထားစိုက်ပျိုးကြပြီး ရဲဘော်ကြီးကျေးရွာ တောင်သူ ဦးညွှန့်ဝင်းစိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရသည်။ 

ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာများမှ တာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်း၍ မြေပြင်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းချွေလှေ့ သိုလ်လောင်ခြင်း စသည့်အသိပညာများကို စနစ်တကျ ကူညီပေးလျက်ရှိသည်။ 

ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံများကို ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင်၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတောကြီး၊ ဘုံကွင်း၊ စင်းကွန်း၊ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ဇရပ်ဖြူ၊ သင်ပုတ်၊ ညောင်ရွေ၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုံ့ပေါင်း၊ လက်ပံဇင်၊ ရဲဘော်ကြီး၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော်၊ ရဲမအူ၊ စိုင်မလန်း၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တောတွင်၊ မြေစိုပါယ်၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်း ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)