ဟင်္သာတမြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့သို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဟင်္သာတ အောက်တိုဘာ ၂၈

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းဖြင့် ရွှေတောင်စု ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ဦးစီးမှူး၊ ဟင်္သာတခရိုင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 

ထို့နောက် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျွန်းတဲကျေးရွာတွင် လူကူးဗောတံတား လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် ကတက်ကုန်းကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။

 

ဇင်မာ