မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှောမြေသားနိမ့်ကျမှုအား ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂၈

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ ဆင်ခြေလျှော နိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံ ရေပြင်၏ နိမ့်မြင့် အမှတ် ၃၁၅ ပေမှ သိုလှောင်ရေ လျှော့ချနိုင်ရန် တမံ၏ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၂၉၇ ဒသမ ၄၀ ပေသာ ကျန်ရှိတော့သဖြင့် ၁၇ ဒသမ ၆၀ ပေခန့် ရေထုတ်လွှတ် လျှော့ချပြီးဖြစ်ကြောင်း သိရှိရသည်။

 

ထို့အပြင် တမံဆင်ခြေလျှော နိမ့်ကျမှုဖြစ်ပွားသည့် နေရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ချုံနွယ်များ၊ ပေါင်းမြက်များကို နယ်မြေခံ တပ်မတော်သားများနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

 

၁၀၀