(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ လှာကမြင်ကွက်သစ် ချယ်ရီ(၅) ကွန်ကရစ်လမ်းသစ်ဖွင့်

ဘားအံ အောက်တိုဘာ ၂၈

 

နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ဘားအံမြို့ လှာကမြင်ကွက်သစ် ချယ်ရီ (၅) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးတို့နှင့်အတူ ဘားအံမြို့ လှာကမြင်ကွက်သစ် ချယ်ရီ(၅) ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်း သစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေး ကြသည်။

 

ကရင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် အထိ လှာကမြင်မြို့ကွက်သစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်လွန် ကတ္တရာလမ်း လေးလမ်း၊ ကွန်ကရစ်လမ်း ၃၇ လမ်း၊ မြေသားလမ်း တစ်လမ်းနှင့် Box Culvert ၁၉ စင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကာ ပြည်သူများ အမှန်တကယ် အကျိုးရှိစေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)