ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ် မြန်အောင်မြို့နှင့် ကြံခင်းမြို့နယ် ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ

မြန်အောင် အောက်တိုဘာ ၂၈

 

ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်း သည် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်အတူ အောက်တိုဘာ ၂၈ ရက်က မြန်အောင်မြို့နှင့် ကြံခင်းမြို့နယ် စာရင်းစစ်ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်ဝသည့် အစီရင်ခံစာများ ထုတ်ပြန်နိုင်ရေး၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ လိုက်နာ နေထိုင်ရေး၊ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များ လမ်းညွှန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ကြက်ဥများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)