တီးတိန် ရှောင်စောန်းကျေးရွာ၌ ရိုးရာခွါဒိုပွဲတော် ပျော်ရွှင်ငြိမ်းချမ်းစွာကျင်းပ

 

တီးတိန် အောက်တိုဘာ ၂၉

 

ချင်းပြည်နယ် တီးတိန်မြို့နယ် ရှောင်စောန်းကျေးရွာ၌ ရိုးရာခွါဒိုပွဲတော်ကို အောက်တိုဘာ ၂၇ ရက်က ပါရှန်းဝတ်ပြုကျောင်း ရှောင်စောန်းကျေးရွာတွင် ကျင်းပရာ တီးတိန်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ဆက်လက်၍ ရိုးရာအကများနှင့် ရိုးရာဝတ်စားဆင်ယင်မှုများပြသခြင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုပေါင်းအကများဖြင့် ပျော်ရွှင်စွာ ခွါဒိုပွဲတော်ကျင်းပခဲ့ကြသည်။

 

ခွါဒိုပွဲတော်သည် ချင်းတိုင်းရင်းသားမျိုးနွယ်စု တစ်ခုဖြစ်သော ဇိုမီးလူမျိုးနွယ်စုတို့၏ အမွန်မြတ်ဆုံးနှင့် အရေးကြီးဆုံးပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)