ဖလမ်း အောက်တိုဘာ ၂၈
ဖလမ်းမြို့မရဲစခန်း ပြုပြင် ပြီးစီးမှု၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးအဆောက်အအုံ ပြုပြင် ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အဆောက်အအုံ ပြုပြင်ပြီးစီးမှု၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ စီမံကိန်းရေးဆွဲရေးဌာန၊ ခရိုင်နှင့် မြို့နယ် စီမံကိန်းဦးစီးရုံး ပြုပြင် ပြီးစီးမှု၊ မြန်မာ့စီးပွားရေးဘဏ် အဆောက်အအုံ ပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်သည် ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုအားပေး
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်း ဦးစီးဌာန ဖလမ်း မူလတန်းကြို ကျောင်းသို့ သွားရောက်ပြီး ကလေးငယ်များအတွက် အာဟာရများ ထောက်ပံ့ပေးအပ်ကာ ကလေးများ၏ ကဗျာရွတ်ဆိုနေမှု ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဖလမ်းမြို့ ယာယီ ပြည်သူ့ဆေးရုံကြီးအတွက် အသစ် ရောက်ရှိလာသော Mobile Digital X-ray တပ်ဆင်ပြီးစီးမှုနှင့် လူနာများအား X-ray ဖြင့် စစ်ဆေးပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
အလားတူ ယမန်နေ့ ညနေပိုင်းကလည်း ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်၊ ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ အော်တိုအိတ်ချိန်း/ မိုက္ကရိုဝေ့ စခန်း အဆောက်အအုံပြုပြင် ပြီးစီးမှုအခြေအနေနှင့် ဆက်သွယ်ရေးကုန်းရှိ ဖလမ်းမြို့ပင်မ ရေပေးဝေရေးကန် ရေဂါလန်တစ်သိန်းဆံ့ ရေလှောင်ကန်နှင့် လှုရ်မှုန်ရိပ်သာ အနီးရှိ မြို့တွင်း ရေဖြန့်ဝေကန် ရေဂါလန် နှစ်သောင်းခွဲဆံ့တစ်လုံးနှင့် တစ်သောင်းဆံ့တစ်လုံးမှ တစ်ဆင့် မြို့တွင်း ရေဖြန့်ဝေပေးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။ ဖလမ်းမြို့ (၈)ရပ်ကွက်အား ရေဂါလန် တစ်သိန်းဆံ့ ပင်မရေလှောင်ကန် လေးလုံး၊ မြို့တွင်းဖြန့်ဝေကန် ၃၉ လုံးဖြင့် သောက်သုံးရေများ လုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


