ဝါးခယ်မမြို့နယ်၌ တွင်းနက်ဆက်စပ်လုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

ဝါးခယ်မ အောက်တိုဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် မဲဇလီရွာမ ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တွင်းနက် ဆက်စပ်လုပ်ငန်းမှာ လုပ်ငန်းပြီးစီး မှု ၉၀ ရာခိုင်နှုန်း ရှိပြီဖြစ်သည်။

 

အဆိုပါလုပ်ငန်းကို ဇွန် ၁၀ ရက် တွင် စတင်ဆောင်ရွက်ခဲ့ပြီး ငွေကျပ် ၃၁ ဒသမ ၈၈ သန်း အသုံးပြု၍ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် (၁၀ ပေ x ၁၀ ပေ x ၂၀ ပေ) တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

 

အဆိုပါ လုပ်ငန်းပြီးစီးပါက မဲဇလီရွာမကျေးရွာရှိ အိမ်ခြေ ၁၉၀၊ အိမ်ထောင်စု ၁၉၁ စုမှ လူဦးရေ ၇၄၅ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေကို ဖူလုံစွာ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။ 

 

ဝါးခယ်မ (ကျေး/လက်)