နေပြည်တော် အောက်တိုဘာ ၂၇
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ သတ္တမရက် အဆို၊ အတီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက် ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေး
ဒုတိယ သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-I) မြခန်းမ၌ ကျင်းပလျက်ရှိသည့် ဝါသနာရှင် (ဒုတိယတန်း) အမျိုးသမီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်း အဆိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက မြန်မာ့မူမှန် သီချင်းဖြင့် တစ်ဦးချင်း သီဆို ပြိုင်ပွဲဝင်နေမှုများကို လည်းကောင်း၊ နီလာခန်းမ၌ ဝါသနာရှင် (ဒုတိယတန်း) အမျိုးသမီး စောင်းအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက ညဉ့်သုံးယံခါ (ပတ်ပျိုး) သီချင်းဖြင့် တစ်ဦးချင်း တီးခတ်ယှဉ်ပြိုင်နေမှုများကို လည်းကောင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


