စူဠာမုနိလောကချမ်းသာစေတီတော်နှင့် တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရား၌ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်

တောင်ကြီး အောက်တိုဘာ ၂၇

 

စူဠာမုနိလောကချမ်းသာဘုရားနှင့် ရွှေဘုန်းပွင့်ဘုရား ဆီမီးတစ်ထောင်ပူဇော်ပွဲကို ယမန်နေ့ညပိုင်းက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာ စေတီတော်ရင်ပြင်နှင့် ရွှေဘုန်းပွင့်ဘုရားတို့၌ ကျင်းပသည်။

 

ဆီမီးပူဇော်ပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စူဠာမုနိလောကချမ်းသာ ဘုရားအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကာ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ကြသည်။

 

ထို့ပြင် တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းကြပြီး ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ကြကြောင်း သိရသည်။  

မောင်မောင်သန်း(တောင်ကြီး)