ကျန်းမာရေးသုံးပစ္စည်းများဝယ်ယူရန် အလှူငွေများလှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

တံတားဦး အောက်တိုဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကျန်းမာရေးသုံး ပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေများ လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲကို အောက်တိုဘာ၂၁ရက်က တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သံဃာ့ဆေးကုသဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်မိုးသက်က အမှာစကားပြောကြားပြီး တံတားဦး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ကျန်းမာရေးသုံးပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေများလှူဒါန်း ပေးသော အလှူရှင်များအား မြို့နယ် ဆရာဝန်ကြီးက ဂုဏ်ပြုမှတ်တမ်း လွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)