(၃၈)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

တောင်ကြီး အောက်တိုဘာ ၂၂

 

(၃၈)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရုံး၊ တောင်ကြီးခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

 

ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့က သွားရောက်ကြည့်ရှု အားပေးကြပြီး သွေးလှူဒါန်းကြသူများအတွက် အားဖြည့် အစားအစာများ၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးအတွက် ကြက်ဥများ ပေးအပ်ကြသည်။

 

သွေးလှူဒါန်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ သီချင်းပြိုင်ပွဲ၊ သီချင်းအတည်ပြုရွေးချယ်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)