စစ်တွေ အောက်တိုဘာ ၂၁
မာန်အောင်မြို့နယ် ဒိုးတန်း ကျေးရွာ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းတွင် ကျေးလက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ အခြေခံပညာ အလယ်တန်းကျောင်း (ကအီး)၊ အခြေခံပညာမူလတန်းကျောင်း (ကျီးညို)၊ အခြေခံပညာ မူလတန်းကျောင်း (လက်မဲပြင်)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(ဒိုးတန်း)၊ အခြေခံပညာ အထက်တန်းကျောင်း (ဆင်နား ချောင်)တို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး၊ ကျောင်းဆောင်များ ကောင်းမွန် စေရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးနှင့် ရေရရှိရေးတို့ကို အောက်တိုဘာ ၁၉ ရက်က ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးနိုင်ဦးက ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။
ထို့ပြင် ကျွန်းရွာကျေးရွာ၌ ပေါ်ဆန်းစပါးစိုက်ခင်း ဖြစ်ထွန်း အောင်မြင်နေမှုနှင့် တောထူ ကျေးရွာတွင် စံပြမိုးစပါးစိုက်ခင်း ဖြစ်ထွန်း အောင်မြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တောထူ ကျေးရွာရှိ စိုက်ပျိုးတောင်သူများအား နေကြာမျိုးစေ့နှင့် ပိုက်ဆံ လျှော်မျိုးစေ့များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ငအင်းဟိုတယ်၌ မာန်အောင်မြို့နယ်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မာန်အောင်မြို့ အနောက်စု ရပ်ကွက် သိမ်ကုန်းလမ်းသွယ်အား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ မြို့မအားကစားကွင်းရှိ အားကစားခန်းမနှင့် အားကစားကွင်းများ ကောင်းမွန်စေရေး၊ သစ်တောဦးစီးဌာန ခြံဝင်းအတွင်း ထီးရိုးဝါး ပျိုးထောင်ထားရှိမှုနှင့် ငအင်းကျေးရွာအနီး ဖြုန်းကျောက် ထုတ်လုပ်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)


