တောင်ကြီးမြို့၌ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

တောင်ကြီး အောက်တိုဘာ ၂၁

 

၂၀၂၆ ခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်နေသည့် မျက်မမြင် ပပျောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ မျက်စိရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ခန်းမအတွင်း ခင်းကျင်း ပြသထားသော ပြခန်းများကို ကြည့်ရှုအားပေးပြီး မျက်စိခွဲစိတ် လူနာများအား မျက်မှန်များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)