နေပြည်တော် အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်၊ မြို့နယ် ၂၁ မြို့နယ်မှ သမဝါယမ အသင်းစုဥက္ကဋ္ဌများ၊ အသင်းအမှုဆောင်များ၊ မြို့နယ်ဦးစီးမှူးများ၊ မြို့နယ် ခုနစ်မြို့နယ်မှ စိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းသား တောင်သူများအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ရုံး၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ မှာကြားသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စနစ်ကျသော သမဝါယမစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်စေရန်၊ မန္တလေးတိုင်းဒေသကြီးနှင့် မိတ္ထီလာခရိုင်အား စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် စံပြဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အဆင့်မြှင့်တင်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စနစ်တကျနှင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင် သမဝါယမ လုပ်ငန်းများဖြစ်အောင် ဆောင်ရွက်နိုင်ရေး ဖြည့်စွက်ရှင်းလင်းဆွေးနွေးရာ ဒုတိယဝန်ကြီးက တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ မြို့နယ် ၂၁ မြို့နယ်မှ ဦးစီးမှူးများ၊ မြို့နယ်သမဝါယမ အသင်းစုများမှ အမှုဆောင်များနှင့် အသင်းသား တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


