ရေး အောက်တိုဘာ ၂၀
မွန်ပြည်နယ် ရေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန က ၂၀၂၆ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး ဆိုင်ရာ စာရင်းကောက်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွဋ်အောင်က တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ရေးမြို့နယ်အတွင်း ကောက်ယူ ရရှိသော တိရစ္ဆာန်ကောင်ရေ စာရင်းကို အခြေပြု၍ တိရစ္ဆာန် မွေးမြူမှု ဖွံ့ဖြိုတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၅၂ ဦး တက်ရောက်ပြီး စာရင်းကောက်ယူရေးလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ


