မြန်အောင် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် သမဝါယမအသင်းသား (ဆောင်းမြေပဲ) စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြန်အောင်မြို့နယ် ကုန်းတလုံးကျေးရွာ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဒေါ်ယမင်းသူက ကဇွန်းခုံအုပ်စု အောင်မင်္ဂလာနှင့် ရှားတောကျေးရွာအုပ်စု အောင်မြင်သူ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းတို့မှ ဆီထွက် သီးနှံဆောင်းမြေပဲစိုက်ပျိုးသည့် သမဝါယမ အသင်းသားတောင်သူများအား သွင်းအားစုများ ပေးအပ်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အသင်းသားမြေပဲစိုက်တောင်သူ ၅၂ ဦး၏ ၁၅၆ ဧက အတွက် (အဋ္ဌမအကြိမ်) တိုင်းဒေသကြီးဘတ်ဂျက် ရန်ပုံငွေကျပ်သိန်း ၇၈၀ ဖြင့် တစ်ဧကလျှင် ကျပ် သုံးသိန်းနှုန်းနှင့်ညီမျှသော အထွက်တိုး မျိုး(ဆောင်းမြေပဲ) နှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)


