ပေါင်းတည်မြို့နယ်၌ အယ်လ်နီညိုဒဏ်ကာကွယ်ရေး တောင်သူအသိပညာပေး

ပေါင်းတည် အောက်တိုဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများသည် ကြုံးကြုံးကျကျေးရွာတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အယ်လ်နီညိုဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကြိုတင်ကာကွယ်ရေးအစီအမံများ၊ ဒုတိယဦးစီးမှူးက သင့်လျော်သည့်ရာသီသီးနှံများ မြေအစိုဓာတ်ဖြင့် အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် စိုက်နည်းစနစ်များကို ဆွေးနွေးကာ အယ်လ်နီညိုဒဏ်ကာကွယ်ဖို့ ကြိုတင်စီမံဆောင်ရွက်စို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)