ရေကြည် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ရေကြည်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်အကျိုးခံစားခွင့်ရှိသူ များအား ထောက်ပံ့ကြေးငွေ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ကြေးငွေထုတ်ပေးရာတွင် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်လူမှုဝန်ထမ်းရုံး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ထောက်ပံ့ကြေးငွေထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


