ဇီးကုန်းမြို့နယ်၌ အယ်လ်နီညိုကာကွယ်ရေး အသိပညာပေးဆွေးနွေး

ဇီးကုန်း အောက်တိုဘာ  ၁၉

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ချောင်းစောက်ကျေးရွာအုပ်စု  လက်ပံပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တောင်သူများအား အယ်လ်နီညိုဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သည်။ 

   

ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းလွင်က  အမှာစကား ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးလှမိုးက အယ်လ်နီညိုဖြစ်စဉ် ကြောင့် မိုးရွာသွန်းမှုမမှန်ကန်ခြင်း၊ အပူလွန်ကဲခြင်း၊  စိုက်ပျိုးရေ ပြတ်လပ်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် အစိုဓာတ်မပြတ်လပ်မီ အချိန်မီ ထွန်ယက်စိုက်ပျိုးရန်၊ ဆီထွက်သီးနှံ နေကြာနှင့် ပဲပုပ်သီးနှံများတိုးချဲ့စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ နွေစပါးရာသီတွင် စျေးကွက်ကောင်းမွန်သည့် ရေဆင်းပေါ်ဆန်း စပါးမျိုးများ တိုးချဲ့စိုက်ပျိုးရေး၊ ဆောင်းသီးနှံများတွင် နွားကျင်ငယ် ရေရွက်ဖျန်းမြေသြဇာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရေးအပါအဝင် အယ်လ်နီညိုဒဏ်ကာကွယ်ရေး ကြိုတင်စီမံဆောင်ရွက်ရမည့်အချက်များ၊ အမိုနီယမ်ဆာလဖိတ် ဓာတ်မြေသြဇာသုံးစွဲရာတွင် လိုက်နာရမည့် အချက်များကို  ဆွေးနွေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း  သိရသည်။

 

မြို့နယ်(ပြန်/ဆက်)