တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ပန်းတင်လမ်းမဘေး ဘဲဥရေလှောင်ကန်နှင့် ပန်းတင်လမ်း ကွန်ကရစ်ခင်း

တောင်ကြီး အောက်တိုဘာ ၁၉

 

တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက်ရှိ ဘဲဥရေလှောင်ကန်နှင့် ပန်းတင်လမ်းမကြီး ကွန်ကရစ်ခင်းနေမှုကို ယနေ့ညနေပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဘဲဥ ရေလှောင်ကန်အား လုံခြုံမှု ရှိအောင် ဆောင်ရွက်ထားရှိရန်နှင့် သုံးရေအတွက် လုံလောက်မှု ရှိစေရေး စနစ်တကျထိန်းသိမ်း ဖြန့်ဝေပေးရန် လိုအပ်ပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်  ကာလတွင်လည်း ရေများခန်းခြောက်မှု မဖြစ်ပွားစေရန်နှင့် နွေရာသီကာလတွင်လည်း ရေများ လုံလောက်မှုရှိစေရန်၊ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း ဖြည့်စွက်မှာကြားသည်။

 

ထိုမှတစ်ဆင့် ပန်းတင် လမ်းမကြီး ပေ(၁၅၈၀ x ၁၈ x ၈) ကွန်ကရစ် လမ်းခင်းနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည်းဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)