၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်   အောက်တိုဘာ   ၁၉

အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန  မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ”ကို ယနေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် အမျိုးသား(၄၈၊ ၅၄၊ ၆၀၊ ၈၀) ကီလိုတန်းပြိုင်ပွဲများနှင့် အမျိုးသမီး (၅၀)ကီလိုတန်းပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

ယှဉ်ပြိုင်အနိုင်ရရှိ

အမျိုးသားပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၄၈)ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ ဝေယံထွန်း(အနီ)က မွန်ပြည်နယ်အသင်းမှ လင်းခန့်ကိုကို(အပြာ)ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ လင်းထက်စံ(အနီ)က ပြည်ထောင်စုနယ်မြေ  နေပြည်တော်အသင်းမှ ဇွဲပိုင် (အပြာ)ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ဖိုးလပြည့်(အနီ)က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စူပါလင်းဇယ်(အပြာ)ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ခန့်ဖြိုးကျော်(အနီ)က ရှမ်းပြည်နယ်အသင်းမှ ရွှေပေါ(အပြာ)ကိုလည်းကောင်း၊ (၅၄)ကီလိုတန်းပြိုင်ပွဲတွင်  ချင်းပြည်နယ်အသင်းမှ ဟာခေါဇေ(အပြာ)က ကချင်ပြည်နယ်အသင်းမှ နေလင်းထွန်း(အနီ)ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ထွန်းထက်ခိုင်(အပြာ)က ရှမ်းပြည်နယ်အသင်းမှ မင်းသက်ခိုင်(အနီ)ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဖြိုးကျော်ကျော်(အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ ရဲရင့်ထွေး(အပြာ)ကို လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ စောစိုးထက်စံ(အပြာ)က မွန်ပြည်နယ်အသင်းမှ လွင်မင်းတင်(အနီ)ကို လည်းကောင်း၊ (၆၀)ကီလိုတန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ လာဗျက်ကျဲလ်(အပြာ)က  ချင်းပြည်နယ် အသင်းမှ ရဲထက်ပိုင်(အနီ)ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ  သီဟအောင်(အပြာ)က ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဇင်ကိုလတ် (အနီ)ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းမှ အောင်မင်းခန့်(အနီ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဇော်ဇော်ဖြိုး(အပြာ)ကိုလည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ အောင်ခန့်ဖြိုး(အပြာ)က ရှမ်းပြည်နယ်အသင်းမှ စိုင်းအွန်ဖ(အနီ)ကိုလည်းကောင်း၊ အမျိုးသား(၈၀)ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကောင်းထက်ဇော်(အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ ဇော်ဆိုင်းနော်(အပြာ)ကို လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ဟန်ထူးလွင်(အနီ)က ရခိုင်ပြည်နယ်အသင်းမှ စိုးမင်းပိုင်(အပြာ)ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ သီဟကိုကို(အပြာ)က  ချင်းပြည်နယ်အသင်းမှ စိုင်းဆိုင်ဖ(အနီ)ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကောင်းမြတ်သူ(အပြာ)က မွန်ပြည်နယ်အသင်းမှ ဉာဏ်လင်း(အနီ)ကို လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အလားတူ အမျိုးသမီး(၅၀)ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ လဝန်းနွယ်(အနီ)က ပဲခူးတိုင်းဒေသကြီးအသင်းမှ ပြည့်ပြည့်စံ(အပြာ)ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ နော်တာဘလုဆိုး(အနီ)က  မွန်ပြည်နယ်အသင်းမှ ပန်းသဇင်မြင့်(အပြာ)ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သန္တာ(အပြာ)က ကရင်ပြည်နယ်အသင်းမှ ချိုချိုအေး(အနီ)ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ဖူးဖူး(အနီ)က ချင်းပြည်နယ်အသင်းမှ နှိမ်မနား (အပြာ)ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီမှစတင်၍  ပဲခူးတိုင်းဒေသကြီး  ပဲခူးမြို့  အားကစားဥယျာဉ်ရှိ မိုးလုံလေလုံ အားကစားရုံ၌ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ” အမျိုးသား/အမျိုးသမီး  ဝိတ်တန်းအလိုက် ပြိုင်ပွဲ  ပွဲစဉ်များကို  ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင်    မိဘပြည်သူများအနေဖြင့်  မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်