မွန်ပြည်နယ် ဥပဒေချုပ် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ တက်ရောက်

မော်လမြိုင် အောက်တိုဘာ ၁၉

 

မွန်ပြည်နယ် ဥပဒေချုပ်ရုံးမှ ကြီးမှူးကျင်းပသော ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ် ဥပဒေချုပ်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပိုမိုကျွမ်းကျင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးသည် မဖြစ်မနေ လိုအပ်ကြောင်း၊ ဥပဒေရေးရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများကို စနစ်တကျ နားလည် သဘောပေါက်ပြီး ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် သင်တန်းသားများ က တစ်ဦးချင်း မိတ်ဆက်ကြပြီး သင်တန်းသို့ ပြည်နယ်ဥပဒေချုပ် ရုံးမှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်၍ သင်တန်းကို သုံးရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)