ရန်ကုန် အောက်တိုဘာ ၁၉
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို)အသင်းသားများ၊ အခြေခံသံတမန် ကျွမ်းကျင်မှုသင်တန်းအပတ်စဉ် (၄၇)မှ သင်တန်းသားများ၊ လှိုင်သာယာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အသင်းသားများက အစည်းအဝေး ဆောင်ရွက်နေမှုများကို လာရောက်လေ့လာခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)က ကြီးမှူးကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများ၏ ပထမအကြိမ် အသင်းဝင် ကတ်ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့My Garden ၌ ကျင်းပပြီး အသင်းဝင်ကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


