မိုင်းရယ် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် မိုးစပါးတစ်ဧကလျှင် တင်း ၁၀၀ အထွက်နှုန်းရရှိရေး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက နားဖျိုင်းကျေးရွာရှိ တောင်သူသုံးဦး၏ ၁၀ ဧကစံပြကွက်တွင် ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် မြေစာရင်းဦးစီးဌာနတို့မှ ဝန်ထမ်းများက ခြွေလှေ့သန့်စင်ခြင်း၊ အစိုဓာတ် တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာ မိုးစပါးစံပြကွက်မှ တစ်ဧကလျှင် (အစို) ၁၁၆ ဒသမ ၅၁ တင်း၊ (အခြောက်) ၁၀၈ ဒသမ ၈၉ တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


