မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၈

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စီစဉ်ကျင်းပသည့် သတင်းသမားဘဝ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦးက သတင်းသမားဘဝ အသိပညာပေးဟောပြောမှုနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး မီဒီယာကောင်စီအတွင်းရေးမှူး ဦးလှထွဋ်ဦးက ဟောပြောမည့် သတင်းစာဆရာကြီးများ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားသည်။

 

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ(၁) ဦးခင်မောင်ဇော်က သတင်းသမား ဘဝဟောပြောပွဲကျင်းပမှု မုဒိတာစကားကို ပြောကြားသည်။

 

ထို့နောက် သတင်းစာဆရာကြီး ဦးစိုးမြင့်(မော်ကျွန်းစိုးမြင့်)နှင့် သတင်းစာဆရာကြီး ဦးသန်းအောင်(သန်းအောင်နိုင်)တို့က သတင်းသမားဘဝ အတွေ့အကြုံများကို ဟောပြောခဲ့ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)