ရန်ကုန် အောက်တိုဘာ ၁၆
M League II 2026-2027 ဘောလုံးပြိုင်ပွဲ အပတ်စဉ် (၁) ဒုတိယနေ့ပွဲစဉ်အဖြစ် ယနေ့ ညနေ ၃ နာရီခွဲက တက္ကသိုလ် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ Royal Dagon အသင်းက Enjoy Brother အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် Royal Dagon အသင်းသည် ပြိုင်ပွဲတစ်လျှောက် ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၄ နှင့် မိနစ် ၅၀ တိုင်တို့တွင် တိုက်စစ်မှူး ရှိုင်းထက်ကျော်က နှစ်ဂိုး၊ ၄၂ မိနစ်တွင် Fils Nani Ahanda က တစ်ဂိုး သွင်းယူပေးခဲ့ပြီး သုံးဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ Enjoy Brother အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၃ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီမှတစ်ဆင့် စည်သူကျော်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ AYA Pay Player of the Match ဆုကို Royal Dagon အသင်း တိုက်စစ်မှူး ရှိုင်းထက်ကျော်က ရရှိခဲ့သည်။
အပတ်စဉ် (၁)တတိယနေ့ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၇ ရက်တွင် တက္ကသိုလ်ကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် Junior Lions အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MLII


