M League 2026 U20 ရွှေ့ဆိုင်းပွဲစဉ် ဒဂုံစတားယူနိုက်တက် နိုင်ပွဲရရှိ

ရန်ကုန် အောက်တိုဘာ ၁၆

M League 2026 U20 အမှတ်ပေးဘောလုံးပြိုင်ပွဲ အပတ်စဉ်(၁၆) ရွှေ့ဆိုင်းပွဲစဉ်အဖြစ် ယနေ့ ညနေ ၃ နာရီခွဲက သီဟဒီပကွင်း၌ ဒဂုံစတားယူနိုက်တက်နှင့် Falcon အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒဂုံစတားယူနိုက်တက် အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

အဆိုပါ ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက်အသင်းက ပထမပိုင်းပွဲချိန် ၃၉ မိနစ်တွင် ပြည့်ဖြိုးကို သွင်းယူပေးခဲ့ သည့် ဦးဆောင်ဂိုးဖြင့် Falcon အသင်းကို ပြိုင်ပွဲတစ်လျှောက် ထိန်းချုပ်ကစားသွားခဲ့သည်။ Falcon အသင်း ချေပဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ဒဂုံစတားနောက်တန်းခံစစ်ကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ AYA Pay Man Of The Match ဆုကို ဒဂုံစတားယူနိုက်တက်အသင်းမှ ဂိုးသမား ကောင်းမြတ်ဟိန်းက ရရှိခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-ML