ရန်ကုန် အောက်တိုဘာ ၁၆
အာရှဘောလုံးအဖွဲ့ချုပ် (AFC)မှ ကြီးမှူးကျင်းပသည့် AFC Challenge League 2026-27 အုပ်စုအဆင့် ပွဲစဉ်များကို လာမည့် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မြန်မာလိဂ်ကလပ် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်း ပါဝင်သည့် အုပ်စု(E) ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်တွင် တရုတ်တိုင်ပေကလပ် နယူးတိုင်ပေ၊ အောက်တိုဘာ ၂၁ ရက်တွင် ဘရူနိုင်းကလပ် ကာဆူကာ၊ အောက်တိုဘာ ၂၄ ရက်တွင် ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါအသင်းတို့နှင့် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်း ပါဝင်သည့် အုပ်စု(D)ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၊ ဆမာရင်ဒါမြို့ရှိ ဆီဂရီကွင်း၌ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်တွင် အင်ဒိုနီးရှားကလပ် ဘော်နီယို ဆမာရင်ဒါ အသင်း၊ အောက်တိုဘာ ၂၄ ရက်တွင် တရုတ်-တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
နေမျိုး


