အောက်တိုဘာ ၁၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုဘိုင်းဖုန်း စာရင်းသွင်းအသုံးပြုသူ စုစုပေါင်းသည် သြဂုတ်လကုန်တွင် ၁၉၁ သန်းကျော် ရှိလာသည်ဟု နိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ ထုတ်ပြန်ထားသော နောက်ဆုံးရ စာရင်းအင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေး စည်းမျဉ်းထိန်းသိမ်းရေးကော်မရှင်မှရရှိသောအချက်အလက်များအရ ဖုန်းသုံးစွဲသူဦးရေသည် သြဂုတ်လတွင် ၁၉၁ ဒသမ ၀၉ သန်းအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မိုဘိုင်းကုမ္ပဏီ လေးခုရှိရာ ၎င်းတို့အနက် သုံးခုသည် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ထောက်ပံ့မှု ရရှိထားသော မိုဘိုင်းဖုန်း ဆက်သွယ်ရေးအော်ပရေတာများ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


