ကဘူးလ် အောက်တိုဘာ ၁၅
အာဖဂန်နစ္စတန်နိုင်ငံမှ အာဏာပိုင်များသည် နိုင်ငံအလယ်ပိုင်းရှိ ဘာမင်ယန်ပြည်နယ်ကို မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်း များ ကင်းစင်သည့်နယ်မြေအဖြစ် အောက်တိုဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။
နိုင်ငံအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကင်းစင်သည့် ပထမဦးဆုံး ပြည်နယ်အဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ လွန်ခဲ့သည့် ၃၆ နှစ်တာကာလအတွင်း ဘာမင်ယန်ပြည်နယ်၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို မြေဧရိယာ စတုရန်းကီလိုမီတာ ၈၅ သန်းနီးပါးအထိ ရှင်းလင်းနိုင်ခဲ့သည်ဟု အာဏာပိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဟာဖစ်ဇ် မိုဟာမက် ယူဆွတ်ဖ် ဟာမက်ဒ်က ပြောသည်။
အဆိုပါကာလအတွင်း မြေမြှုပ်မိုင်းများကြောင့် မတော်တဆမှု ၂၆၂ ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၃၀ နီးပါး သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းအန္တရာယ် ကြုံတွေ့ရဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။
ဆင်ဟွာ


