တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပမှု တိုက်ရိုက်ထုတ်လွှင့် ပြသမည်

နေပြည်တော်       အောက်တိုဘာ    ၁၅

နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် (၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)  ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပမှုကို အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီ ၂၅ မိနစ်မှစ၍ MWD HD Channel ၊  MWD Variety HD Channel ၊  MWD Education, Knowledge  &  Sports HD Channel ၊  MRTV HD Channel ၊  MRTV Sports Channel ၊  MRTV  Entertainment  Channel  နှင့်  သဇင်  FM  တို့မှ  တိုက်ရိုက်(Live)ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

သတင်းစဉ်