၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်     အောက်တိုဘာ    ၁၅

အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို   နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ်(၁)တို့၌ ကျင်းပသည်။

ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (မီတာ ၂၀၀၊ မီတာ ၈၀၀၊ မီတာ ၅၀၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ မီတာ ၄၀၀ တန်းကျော်ပြေး၊ တုတ်ထောက် ခုန်၊ သံလုံးပစ်၊ အလျားခုန်)ပြိုင်ပွဲများ၊ အမျိုးသမီး(၇ မျိုးစုံ)ပြိုင်ပွဲများဖြစ်သည့်(မီတာ ၈၀၀၊ အလျားခုန်၊ လှံတံပစ်)ပြိုင်ပွဲများ၏ နောက်ဆုံးလူရွေးပွဲစဉ်များနှင့် ဗိုလ်လုပွဲများကို အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၂၀၀ ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ထက်ရှိုင်းအောင်က စံချိန် 22.52 စက္ကန့်ဖြင့် ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ကောင်းဆက်ဇော်က စံချိန် 22.60 စက္ကန့်ဖြင့် ဒုတိယ၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနအသင်းမှ ကောင်းခန့်ထွန်းက စံချိန် 22.63 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ မီတာ ၈၀၀ ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ဟိန်းထက်အောင်က စံချိန် 1:57.05 စက္ကန့်ဖြင့် ပထမ၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းမှ စောအယ်မှူးက စံချိန် 1:58.43 စက္ကန့်ဖြင့် ဒုတိယ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းမှ အောင်သူသျှိုင်းက စံချိန် 1:59.40 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ မီတာ ၅၀၀၀ ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ မြတ်ဝင်းလှိုင်က စံချိန် 15:51.58 စက္ကန့်ဖြင့် ပထမ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအသင်းမှ ရဲရင့်အောင်က စံချိန် 15:52.71 စက္ကန့်ဖြင့် ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ သန့်ဖုန်းအောင်က စံချိန် 16:11.78 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက စံချိန် 3:21.52 စက္ကန့်ဖြင့် ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စံချိန် 3:25.74 စက္ကန့်ဖြင့် ဒုတိယ၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းက စံချိန် 3:25.80 စက္ကန့်ဖြင့်    တတိယတို့ကိုလည်းကောင်း၊ တုတ်ထောက်ခုန်ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျော်စွာဟိန်းက စံချိန် 4.61 မီတာဖြင့် ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ အောင်ကျော်မင်းက စံချိန် 4.10 မီတာဖြင့် ဒုတိယ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းမှ ဂျိန်းစဘွန်းက စံချိန် 3.70 မီတာဖြင့် တတိယတို့ကို လည်းကောင်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ထက်ဝေယံက စံချိန် 14.30 မီတာဖြင့် ပထမ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းမှ ထက်နေလင်းက စံချိန် 13.30 မီတာဖြင့် ဒုတိယ၊ အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ဥက္ကာဆက်ပိုင်က စံချိန် 12.06 မီတာဖြင့် တတိယတို့ကိုလည်းကောင်း  ရရှိသည်။

 အလားတူ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၂၀၀ ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ဇူလိုင်မိုးက စံချိန် 25.74 စက္ကန့်ဖြင့် ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ နွေဦးခိုင်က စံချိန် 25.88 စက္ကန့်ဖြင့် ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ကေဇင်ဖြိုးက စံချိန် 27.07 စက္ကန့်ဖြင့် တတိယတို့ကိုလည်း ကောင်း၊ မီတာ ၈၀၀ ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ရီမြာက စံချိန် 2:13.18 စက္ကန့်ဖြင့် ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ နှင်းရွှေရည် က စံချိန် 2:14.21 စက္ကန့်ဖြင့် ဒုတိယ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ထားသဉ္ဇာအေးက စံချိန် 2:18.52 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ မီတာ ၅၀၀၀ ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းမှ အိအိဝိုင်းက စံချိန် 18:01.60 စက္ကန့်ဖြင့် ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ လှိုင်လှိုင်မြင့်က စံချိန် 18:45.62 စက္ကန့်ဖြင့် ဒုတိယ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ငါးမယ်က စံချိန် 19:25.78 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စံချိန် 4:00.65 စက္ကန့်ဖြင့် ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းက စံချိန် 4:04.60 စက္ကန့်ဖြင့် ဒုတိယ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စံချိန် 4:19.84 စက္ကန့်ဖြင့် တတိယတို့ကိုလည်းကောင်း၊ အလျားခုန်ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ဝါဝါရွှေက စံချိန် 5.36 မီတာဖြင့် ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ယဉ်ယဉ်စိုးက စံချိန် 5.35 မီတာဖြင့် ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ခိုင်သဇင်ဦးက စံချိန် 5.34 မီတာဖြင့် တတိယတို့ကိုလည်းကောင်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ အေးချမ်းဗိုလ်က စံချိန် 12:24 မီတာဖြင့် ပထမ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းမှ သုနန္ဒာလွင်က စံချိန် 10.79 မီတာဖြင့် ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ နွယ်နွယ် စန်းဝင်းက စံချိန် 10.42 မီတာဖြင့် တတိယတို့ကိုလည်းကောင်း၊ အမျိုးသမီး(၇-မျိုးစုံ)ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ယဉ်ယဉ်စိုးက စံချိန် 3890 pts (၃၈၉၀ မှတ်) ဖြင့် ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ခင်ရတနာအောင်က စံချိန် 3556 pts (၃၅၅၆ မှတ်) ဖြင့် ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ အေးစန္ဒာဝင်းက စံချိန် 2573 pts (၂၅၇၃ မှတ်)ဖြင့် တတိယ တို့ကိုလည်းကောင်း ရရှိခဲ့ကြသည်။        

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင်   ဆုရရှိခဲ့သူများအား   ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို  ပေးအပ်ချီးမြှင့်ခဲ့သည်။

သတင်းစဉ်