လွိုင်ကော်မြို့၌ စာသင်ကျောင်းများ ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိ

လွိုင်ကော် အောက်တိုဘာ ၁၄

 

အကြမ်းဖက် သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့ အခြေခံပညာ အထက်တန်းကျောင်း (ချိကယ်)နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချိကယ်)တို့ရှိ စာသင်ဆောင်များကို ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။

 

အခြေခံပညာ အထက်တန်းကျောင်း (ချိကယ်) ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ပေ ၁၄၀ ၊ ပေ ၃၀ RCC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုနှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် တစ်ထပ် ကျောင်းဆောင် ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထို့အတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချိကယ်) စာသင်ဆောင်များ ပြန်လည်ပြုပြင်နေမှုနှင့် ဆက်လက်ပြုပြင်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)