ပါရီကားပြပွဲတွင် ဈေးနှုန်းသက်သာသော လျှပ်စစ်ကားများ လူကြိုက်များ

လောင်စာဆီဈေးနှုန်းများ မြင့်တက်နေချိန်တွင် လျှပ်စစ်ကားများအပေါ် ဝယ်လိုအားမြင့်တက်လာပြီး တရုတ်ကားထုတ်လုပ်သူများကလည်း ဥရောပဈေးကွက်အတွင်း ၎င်းတို့၏ လုပ်ငန်းများတိုးချဲ့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အောက်တိုဘာ ၁၂ ရက်က ပါရီမြို့တွင် ကျင်းပသည့် မော်တော်ကားပြပွဲ၌  အနောက်နိုင်ငံများနှင့်   တရုတ်နိုင်ငံမှ   ကားထုတ်လုပ်သူများ၏ ကားအမှတ်တံဆိပ်များကို ပြသခဲ့ကြသည်။ ပြပွဲတွင် ကားအမှတ်တံဆိပ် ၆၀ ကျော် ပါဝင်ပြသခဲ့ပြီး အရွယ်အစားသေးငယ်ကာ ဈေးနှုန်းသက်သာသည့် လျှပ်စစ်ကားများမှာ အထူးစိတ်ဝင်စားမှုရရှိခဲ့သည်။ လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းသည် လျှပ်စစ်ကားဝယ်လိုအားတိုးလာစေသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း သိရသည်။                                                              

အင်န်အိတ်ချ်ကေ