သီရိလင်္ကာ၏ ယခုနှစ်အကောက်ခွန်ဝင်ငွေ သတ်မှတ်ချက်ပြည့်မီကျော်လွန်

ကိုလံဘို အောက်တိုဘာ ၁၄

သီရိလင်္ကာနိုင်ငံ  အကောက်ခွန်ဌာနသည်   ၂၀၂၆  ခုနှစ်အတွက်  သတ်မှတ်ထားသည့် တစ်နှစ်တာအခွန်ဝင်ငွေ  သတ်မှတ်ချက်ကို နှစ်ကုန်ရန် နှစ်လကျော် ကျန်ရှိနေသေးချိန်တွင်ပင်   ကျော်လွန်ရရှိခဲ့ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အောက်တိုဘာ ၁၃ ရက်အထိ ကောက်ခံရရှိထားသည့် အခွန်ဝင်ငွေမှာ သီရိလင်္ကာရူပီး ၂ ဒသမ ၂၀၈ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၉ ဘီလီယံခန့်)ရှိပြီး  ယင်းပမာဏသည် တစ်နှစ်တာအတွက် သတ်မှတ်ထားသည့် ရူပီး ၂ ဒသမ ၂၀၇ ထရီလီယံခန့်ရှိသော  သတ်မှတ်ချက်ထက်  ကျော်လွန်နေခြင်းဖြစ်သည်။

နောက်ဆုံးရရှိထားသော အချက်အလက်များအရ အကောက်ခွန်ဌာနသည် နှစ်ကုန်ရန် ရက်သတ္တပတ် ၁၁ ပတ်ခန့်  ကျန်ရှိနေသေးချိန်တွင် သတ်မှတ်ရည်မှန်းချက်ထက် ရူပီး ၁ ဘီလီယံကျော် ပိုမိုကောက်ခံရရှိခဲ့ပြီး အခွန်ဝင်ငွေ သတ်မှတ်ချက်ကို  ကြိုတင်ကျော်လွန်ရရှိခြင်းခဲ့ကြောင်း သိရသည်။

ဆင်ဟွာ