အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ နိုင်ပွဲကိုယ်စီရပြီး မန်ယူအသင်းနဲ့ နာပိုလီအသင်းတို့ ရှုံးပွဲကြုံ

အောက်တိုဘာ ၁၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေထဲမှာ အာဆင်နယ်အသင်းနဲ့  ဘာစီလိုနာအသင်းတို့ နိုင်ပွဲကိုယ်စီရပြီး မန်ယူအသင်းနဲ့   နာပိုလီအသင်းတို့ကတော့ ရှုံးပွဲ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်(၂)မှာ လိုင်လီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အာဆင်နယ်အသင်းက  တင်ဘာ၊  အက်ဇီနဲ့ ဆာကာတို့ရဲ့သွင်းဂိုးတွေနဲ့   သုံးဂိုး-ဂိုးမရှိဖြင့်   အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့  ဂါလာတာစာရေးအသင်းကို  လေးဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို    ကန်ဆယ်လို၊    လိုပက်ဇ်၊    ဂေါ်ဒွန်၊   အက်ဒီယီမီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်(၂)မှာ မန်ယူအသင်းက  အက်သလက်တီကို မက်ဒရစ်အသင်းကို နှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နာပိုလီအသင်းကတော့ ဗီလာရီးယဲလ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အခြားသောပွဲစဉ်တွေမှာတော့ စပို့တင်းအသင်းက လန်းစ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊  ဆာဘတ်အသင်းက  ဆလာဗီယာ ပရက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊    ကလပ်ဘရုဂ်ျအသင်းက    အင်တာမီလန်အသင်းကို လေးဂိုး-သုံးဂိုး၊ လိုက်ပ်ဇစ်အသင်းက ပီအက်စ်ဗွီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗီကင်းအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်မှာတော့ တစ်ဖက်သုံးဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်