အောက်တိုဘာလ ၁၄ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံ ငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများမှ ကွန်ဟောင်းကျေးရွာ နှင့် ဝမ်ဟွေ့ကျေးရွာတို့၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇေယျာညို ၊ မက်မန်း ခရိုင်ဦးစီးမှူး နှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည် ကွန်ဟောင်းကျေးရွာတွင် ကျေးလက်နေ ပြည်သူများ ၏လယ်ယာဧကများမှ စိုက်ပျိုးသီးနှံများ ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် သယ်ယူပို့ ဆောင်နိုင်ရန်အတွက် အရှည် ၄မိုင်၊ အကျယ် ၁၂ ပေ၊ ထု မြေသား ၂ပေ၊ သဲဗြုန်း ၉လက်မရှိ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှု နှင့် ဝမ်ဟွေ့ကျေးရွာတွင် ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်ရေ/သုံးရေများဖူလုံစွာ ရရှိစေရန်အတွက် စိမ့်စမ်း ရေသွယ်ယူခြင်း၊ ဂါလံ (၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်း နှင့် ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေ အနေများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။
ထိုနောက် ပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများသည် တင်ဒါအောင်ကုမ္ပဏီများမှတာဝန်ရှိသူများ နှင့် တွေ့ဆုံကာ လုပ်ငန်းများ ရေရှည်တည်တံ့ အောင် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများ နှင့်အညီ ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားပြီး ကျေးရွာတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မောင်ခိုင်


