နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၄

 

            သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရှိရာ အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၈၃ ဒသမ ၀၀၁၂ ) တန်၊ သစ်မာ (၀ ဒသမ ၄၅၄၄)တန်၊ အခြား (၇၅ ဒသမ ၉၈၇၀)တန်၊ စုစုပေါင်း(၁၅၉ ဒသမ ၄၄၂၆)တန်၊ ယာဉ်/ယန္တရား (၁၀)စီး၊ တရားခံ (၁၄) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

(သတင်းစဉ်)